ဢွင်ႇလႅင်ႇမျိၼ်ႉ၊ ၸၢႆး

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး
ၾၢႆႇ:Henry Dunant Award winner Sai Aung Hlaing Myint.jpg
ဟင်နရီဒူးနန့် ဆုရ စိုင်းအောင်လှိုင်မြင့်

စိုင်းအောင်လှိုင်မြင့်ကို ၂၄ နိုဝင်ဘာ ၁၉၅၆ တွင် မြစ်ကြီးနားမြို့၌ ဦးတင်မောင်၊ ဒေါ်မယ်ခတို့က ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ တင်လှိုင် ဖြစ်၏။

မြစ်ကြီးနားမြို့ အထက (၁) တွင် ပညာ ဆည်းပူးစဉ် အတွင် ကြက်ခြေနီ အသင်းသို့ ဝင်ရောက်ခဲ့ရာ သူနာပြု တပ်ကြပ်ကြီး အဆင့်သို့တိုင် ရောက်ရှိခဲ့သည်။ အသက် ၂၁ အရွယ်တွင် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့၏ အမြင့်ဆုံးဆု ဖြစ်သော ဟင်နရီဒူးနန့်ဆု ကို ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုနှစ်မှ စ၍ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဌာနချုပ်တွင် လက်ထောက် ပြန်ကြားရေးမှူး အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၇၉ ခုနှစ်၌ ဂျပန်နိုင်ငံ လူငယ် ကြက်ခြေနီ အသင်းသို့ သွားရောက် လေ့လာခဲ့သည်။

ဆုရရှိခဲ့သည့် အဖြစ်အပျက်[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

၁၉၇၆ ခုနှစ်က မြစ်ကြီးနားမြို့ တဖက်ကမ်း ခတ်ချိုကျေးရွာ ကူးတို့ဆိပ်တွင် အင်ဂျင်နီယာတပ်မှ မော်တော်ယာဉ် တစင်း ဖောင်ပေါ် အတက်၌ ဘရိတ်ချော်ပြီး ရေထဲ ကျသွားသည်။ အမှတ်မထင် ဖြစ်ပျက်မှုကြောင့် အံ့အားသင့် နေကြစဉ် စိုင်းအောင်လှိုင်မြင့်က ကားထဲတွင် ပါသွားသော ရဲဘော် ခင်မောင်အေးအား မိနစ် ၂၀ ကြာ ရေငုပ်ရင်း သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည်။ ဤသို့သော စွန့်စား စွမ်းဆောင်ခဲ့မှုကြောင့်ပင် စိုင်းအောင်လှိုင်မြင့်အား ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ဟင်နရီဒူးနန့်ဆု ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ စိုင်းအောင်လှိုင်မြင့်သည် ၁၅ အောက်တိုဘာ ၁၉၇၇ တွင် ရူမေးနီးယားနိုင်ငံ ဘူခါရက်မြို့၌ ကျင်းပသော (၂၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ညီလာခံတွင် ဆုတက်ရောက်ယူခွင့် ရရှိခဲ့၏။

စာပေ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

စိုင်းအောင်လှိုင်မြင့်သည် စာပေ ဝါသနာရှင် တဦး ဖြစ်သည့် အလျောက် သူ၏ ဘဝ အတွေ့အကြုံများကို သုံးဆယ့်တစ်ရက် နိုင်ငံခြားခရီး စာအုပ်ဖြင့် ရေးသား ဖော်ပြခဲ့သည်။

ဘဝနိဂုံး[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

၁၉၈၀ ပြည့်နှစ်တွင် စောစုစုခိုင်နှင့် လက်ထပ်ခဲ့သည်။ အသက် ၂၉ နှစ် အရွယ် ၂၅ မတ် ၁၉၈၅ တွင် စိုင်းအောင်လှိုင်မြင့် ဦးနှောက် အမြှေးရောင် ရောဂါဖြင့် ကွယ်လွန်ခဲ့ရာ သားတယောက်၊ သမီးတယောက် ကျန်ရစ်ခဲ့သည်။[1]

ကိုးကား[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

  1. တင်နိုင်တိုး. ကမ္ဘာ့ ကြက်ခြေနီဆုရ မြန်မာ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်များ, Vol (4), No (30)၊ စာမျက်နှာ ၂၃. Weekly Eleven News Journal.