ၶဝ်ႈမၼ်းၶႆ

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး

ပါဝင်သောပစ္စည်းများ (လူ ၁ဝ ဦးစာ)[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

ပေါ်ဆန်းမွှေး(ဆန်ဟောင်း) - နို့ဆီဘူး ၆ ဘူး
ပဲနီလေး - ၁ဝ ကျပ်သား
ရေအေး - နို့ဆီဘူး ၁ဝ ဘူး
ထောပတ် - ရ ၁/၂ ကျပ်သား
ဆီ - ၂ ၁/၂ ကျပ်သား
သစ်ကြံပိုး(၂” အရွယ်) - ၂ ခေါက်
ကရဝေးရွက် - ၆ ရွက်
လေးညှင်းပွင့် - ၆ ပွင့်
ဖာလာစေ့ - ၆ စေ့
သကြား - စားပွဲဇွန်း ၃ ဇွန်း
ဆား - လက်ဖက်ဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ အဆင့်ဆင့်[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

ဆန်ကို ရေဖြင့် နှစ်ကြိမ်ခန့် လျင်မြန်စွာ ဆေးပြီး ရေစစ်ပါ။ ပဲနီလေးကို အမှိုက် သန့်စင်အောင် ရေဆေးပြီး ရေစစ်ပါ။ အိုးတစ်လုံးဖြင့် ရေဆူအောင် တည်ပြီး ဆန်နှင့် ပဲနီလေးထည့်ပါ။ ရေပြန်ဆူ၍ ဆန်ကြောတင်းလာလှျင် ဆန်သားမာမာ အနေအထား၌ ချ၍ ငှဲ့ပါ။ ချက်မည့်အိုးတွင် ထောပတ်နှင့် ဆီကို ပူအောင် လုပ်ပါ။

အငွေ့ထွက်၍ ပူလာလှျင် သစ်ကြံပိုး၊ ကရဝေး၊ လေးညှင်း၊ ဖာလာထည့်ပြီး ဆီသတ်ပါ။ ရေငှဲ့ပြီး ထမင်းအိုးထဲသို့ သကြား၊ ဆား ထည့်မွှေပါ။ အပေါ်မှ နေ၍ ထောပတ် အမွှေး အကြိုင် ဆီနှံ့အောင်လောင်း ခပ်ဖွဖွမွှေပါ။ အဖုံးပိတ်ပြီး အောက် မီးရှိန်လှျော့ပါ။

အငွေ့ထွက်လျှင် အဖုံးဖွင့်ပြီး အသာအယာမွှေကာ အထက်အောက် လှန်ပါ။ အိုးကို ဖိုပေါ်တွင် အိုးနားပတ်လည် အစွန်းများ မီးရှိန်မျှတစွာ ရရန် အကြိမ်ကြိမ် လှည့်ပတ်ပေးပါ။ ခေတ္တမှျ လှည့်ပေးလျှင် ထမင်းနပ်ပြီ ဖြစ်ပါသည်။