ၸဝ်ႈဢမၢတ်ႈ မိူင်းၼွင်

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး

တောင်ပိုင်းရှမ်းပြည် မိုင်းနောင်မြို့နယ်၊ ပန်စုံရွာတွင် အဖလုံမန်စံ ၊ အမိနိုင်းမန်စံတို့မှ မြန်မာသက္ကရာဇ်၁၂၁၇-ခုနှစ် ကဆုန်လပြည့်သောကြာနေ့တွင် ဖွားမြင်၍ ငယ်မည် စိုင်းဆိုင် ခေါ်သည်။ အသက် ၆-နှစ်ရွယ် ၊ ပန်စိန်ရွာ ၊ မန်စိန်ကျောင်း ဦးမေဓာထံတွင် ပညာသင်ကြားသည်။ ၁၀-နှ စ် သားအရွ ယ် မိဘနှ စ်ပါးက သာသနာဘောင် သွ တ် သွင်းချီးမြှ င် ့ပေး၍ သာမဏေဘွဲ့-ရှ င် သောဘဏ ဖြစ် သည် ။ မန် းစံ မြိ ု့၊ မု ိ င် းနင် းကျောင် းသု ိ ့ ပြောင် းရွေ ့နေထု ိ င် ကာ ဆရာတော် ဦ းနန္ဒ ထံ တွ င် ကဗျာ လင်္ကာများကို သင်ကြားသည်။ ၁၆-နှစ်ရွယ် လူဝတ်လဲပြီး ပန်စုံရွာမိဘများနှင့်အတူနေထိုင်ပြီး ၁၈-နှစ်တွင် လင်္ကာစကားပြေနှစ်ထွေ ရောစပ်သော "မဟော်သဓာဥမင်ခန်းဖွင့်" ကို ရေးသည်။ ဒေသန္တရဗဟုသုတအဖြစ် အမြို့မြို့အနယ်နယ် လှည့်လည်ရှာဖွေပြီးနောက် သူ့ဘဝထိ တွေ့ခံစားမှုကို အခြေခံထားပြီး ဘုရားဟောကျမ်းဂန်ဒေသနာတော်များနှင့်ညှိနှိုင်း၍ "သင်္ခါရဓမ္မ လင်္ကာ"ကျမ်းကို ရေးသားသည်။ ဝတ္ထုပုံပြင်ကျမ်းဂန်များကို တကျမ်းပြီးတကျမ်းရေး၍ စာရေး ဆရာ "မိန်းနောင်"ဟုလူသိများ ကျော်ကြားလာသည်။ မိုင်းကိုင်စော်ဘွား စဝ်ခွန်မုံက မိုင်းကိုင်မြို့ကို ခေါ်ယူပြီး "ပဏ္ဍိတသုခမိန် "ဘွဲ့နှင်းအပ် ၍ပညာရှိအမတ်ကြီး ခန့်ထားသည်။ မိုင်းနောင်မြို့နယ်သား အမတ်ကြီးဖြစ်၍ "ဦး"ဝေါဟာရဖြစ်သော "ချင်း"ကို နာမည်ရှေ့ကထည့်၍ "ချင်းအမတ်မိန်းနောင်"ဟု ခေါ်ကြသည်။ အဓိပ္ပါယ် မှာ"အမတ်" ဦးမိုင်းနောင် ဖြစ်သည်။ လွတ်လပ်စွာ စာပေရေးသားလို၍ အမတ်ရာထူးမှ ထွက်ပြီး မြောက်ပိုင်းရှမ်းပြည် သိန္နီ မြို့သို့ပြောင်းရွေ့နေထိုင်ရာ စော်ဘွားကြီးစဝ်ခွန်ဆန်တုံဟုန်းက မြန်မာသက္ကရာဇ် ၁၂၆၅-ခုနှစ် တွင်သိန္နီမြို့၌ စာပုံနှိပ်တိုက် တည်ထောင်ပေးသည်။ အမတ်ကြီး ရေးသားသော စာပေကျမ်းဂန်များအနက်...

  1. မဟောသဓာ ဥမင်ဖွင့်ခန်း
  2. မဏိကုဏ္ဍလ
  3. သင်္ခ ါရဓမ္မ လင်္က ာ

တို့ဖြစ်သည်။ ကျမ်းများသည် အထူးထင်ပေါ်ကျော်ကြားသော ကျမ်းများဖြစ်သည်။ အမတ်ကြီး အသက်(၅၆)နှစ် ၊ မြန်မာသက္ကရာဇ် ၁၂၇၀-ပြည့် တပေါင်းလဆန်း(၄)ရက် နေ့ ကွ ယ် လွ န် အနိ စ္စ ရောက် သည် ။ အမတ် ကြီ း ကွ ယ် လွ န် သွ ား၍ အု ပ် ချုပ် မည် ့ သူ မရှ ိ သော ကြောင့်စာပုံနှိပ်တိုက်လုပ်ငန်း ပျက်စီးသွားသည်။ [1]

ကိုးကား[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

  1. ဒါရိုက်တာ ဆရာမြင့် ၏ ရှမ်းစာဆိုတော်များ