ထုၼ်

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး

ထုံးသည် အဖြူရောင်ရှိသော အစိုင်အခဲဖြစ်၍ ဓာတုဗေဒ အလိုအားဖြင့် ကယ်လဆီယမ်အောက်ဆိုက် ဟုခေါ်သည်။ ထုံးကျောက်ဟူ၍၎င်း၊ မြေဖြူဟူ၍၎င်းခေါ်သော ကယ်လဆီယမ် ကျောက်တစ်မျိုးကို မီးဖိုတွင်ထည့်၍ အပူချိန် ဖာရင်ဟိုက် ၁၈ဝဝ ံထိ မီး ပြင်းတိုက်ပေးရသည်။

ထိုထုံးကျောက်ကို မီးပြင်းတိုက်လိုက်သောအခါ ကာဗွန်ဒိုင် အောက်ဆိုက်များ လွတ်ထွက်သွားပြီးလျှင် မဖောက်ထုံး (ကယ် လဆီယမ်အောက်ဆိုက် CaO) ဖြစ်လာသည်။ ထိုအတွက် ပုံသေရေးနည်းမှာ (CaCO3 CaO + CO2)ဖြစ်သည်။ ထိုမဖောက်ထုံးတွင် ရေထည့်လိုက်သောအခါ အလွန်ပူလာ၍ ထုံးသည် ကြေမွသွားကာ ဖောက်ထုံး(ကယ်လဆီယမ် ဟိုက် ထိုအတွက်ပုံသေရေး ဖြစ်သည်။

ထုံးအင်္ဂတေပြုလုပ်လိုသောအခါ မဖောက်ထုံးတွင် ရေထည့် ပြီးနောက် သဲနှင့် အမှုန့်ကြိတ်ထားသော ကျောက်များကို ရော ပေးရသည်။ ထိုအရောသည် ခြောက်သွားသောအခါ လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုတ်ယူပြီးလျှင် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်သည်။ ထိုပြင် သဲမှဆီလီကာနှင့်လည်းပေါင်း၍ ကယ်လဆီယမ်ဆီလီကိတ် ဖြစ်သေးသည်။ ထိုပစ္စည်းများက အုတ် သို့မဟုတ် ကျောက်ခဲများကို ခိုင်မြဲစေသည်။ ယခုအခါ ထုံးအင်္ဂတေကို အသုံးမများလှ တော့ချေ။ ယင်းအစား ဘိလတ် မြေကိုသာ အသုံးများသည်။

ထုံးသည် မီးပြင်းကိုခံနိုင်၏။ သို့သော် လျှပ်စစ်မီးဖိုတွင်မူ အရည်ပျော်လေသည်။ ထုံးသည် အယ်ကလီ သတ္တိ၌ အလွန် တက်မြက်သောကြောင့်၊ အက်ဆစ်များကို ဓာတ်ပြယ်စေနိုင် သည်။ ထိုပြင် ကော့စတစ်ဆိုဒါနှင့် ပိုတက်တိုု့ကဲ့သို့ အသီး အနှံနှင့်အသားများကိုလည်း စားပစ်နိုင်သေးသည်။ ထို့ကြောင့် အညစ်အကြေးကိုရှင်းပစ်ရာတွင် ထုံးကိုအသုံးပြုကြသည်။

ထားလျှင် ထုံးသည်လေထဲမှ ရေနှင့်ကာဗွန်ဒိုင်အောက်ဆိုက် ကာဗွန်နိတ် ပြောင်းလဲသွားလေသည်။ ရေနှင့် ဖောက်ထုံးပျော်ဝင်ရည်ကို ထုံးရေကြည်ဟုခေါ်သည်။ ထုံးနို့သည် ထုံးရေကြည်နှင့် အရည်မပျော်သော ဖောက်ထုံးအ ရောဖြစ်သည်။

ထိုထုံးမျိုးများအပြင် ရေအောက်တွင်မာသွားတတ်သော ထုံးမျိုး လည်း ရှိသေးသည်။အယ်ကလီများတွင် ထုံးသည် ဈေးအပေါဆုံးဖြစ်သည်။ ထုံး ကို အဆောက်အအုံနှင့် လမ်းများဆောက်လုပ်ရာ၌၎င်း၊ ဆေးဖြူ များပြုလုပ်ရာ၌ ၎င်း၊ မြေဩဇာများ ပြုလုပ်ရာ၌၎င်း အသုံးပြုကြသည်။ ထိုပြင် သားရေနယ်လုပ်ငန်းတွင် သားရေပြားများမှ အမွေးကျွတ်စေရန် ပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ဖန်သားများပြု လုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ မြေဆီလွှာတွင် အချဉ်ဓာတ် ပေါက်လာသောအခါ အချဉ် ဓာတ်ပြယ်စေရန် အလို့ငှာ ထုံးကိုအသုံးပြုကြသည်။ ပိုးသတ်ဆေး အများအပြား တွင်လည်း ထုံးကိုအသုံးပြုကြသည်။ ထုံးကို သဲနှင့်ရော၍ အပူ ပြင်းတိုက်ပေးလျှင် အရည်ပျော်၍ ဖန်ရည်တစ်မျိုး ဖြစ်လာ သည်။ ထုံးသည် သတ္တုပစ္စည်းအမြောက်အမြားကို ပျော်ဝင်စေ နိုင်သည်။ ထိုကြောင့် သံတွင်းထွက် ပစ္စည်းရိုင်းများမှ သံကို ထုတ်ယူရာတွင် ထုံးကျောက်များကိုထည့်၍ အသုံးပြုကြလေ သည်။

မြန်မာနိုင်ငံတွင် ထုံးကျောက်ကို နေရာအနှံ့အပြား၌ တွေ့ရပေသည်။ ထုံးကျောက်မှ ထုံးကိုထုတ်ယူသုံးစွဲရာ၌ အကြီး ကျယ်ဆုံးနေရာမှာ သရက်မြို့ရှိ ဘိလတ်မြေစက်ရုံကြီးဖြစ် သည်။ မော်လမြိုင်မြို့ အရှေ့တောင်ဘက်ရှိ ကျိုက်မရောရွာတွင် လည်း ရာသီအလိုက် ထုံးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ကျောက်ဆည်၊ ရွှေဘိုနှင့် အောက်ချင်းတွင်းခရိုင်များတွင် ထုံးလုပ်ငန်းများကို လုပ်ကိုင်ကြ သည်။[1]

ကိုးကား[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
ဢဝ်ၶိုၼ်းမႃးတီႈ "https://shn.wikipedia.org/w/index.php?title=ထုၼ်&oldid=2251"