Jump to content

ပိရမိတ်ႉ

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး
ပိရမိတ်ႉဢၼ်မီးတီႈၵၢႆႇၸႃႇ ဢၼ်ယူႇတီႈ ၽၢႆႇၸၢၼ်းၵုင်းလွႆသေ မုင်ႈႁၼ် ( ပိရမိတ်ႉၶူႇၽူးပိရမိတ်ႉၶႃႇၽႃႇ လႄႈပိရမိတ်ႉမၢၼ်ႇၵေႃးရႃႇ ပိရမိတ်ႉဢွၼ်ႇ ဢၼ်မီးၽၢႆႇၼႃႈၼၼ်ႉ ပဵၼ်ပိရမိတ်ႉ ဢၼ်ၵပ်းၵၢႆႇ ပိရမိတ်ႉ မၢၼ်ႇၵေႃးရႃႇယဝ်ႉ။

ပိရမိတ်ႉဢီႇၵျိပ်ႉၸိူဝ်းၼႆႉ ပဵၼ်ႁၢင်ႈၽၢင်ပိရမိတ်ႉ ဢၼ်မီးၼႂ်းမိူင်းဢီႇၵျိပ်ႉယဝ်ႉ။ ပိရမိတ်ႉတင်းသဵင်ႈ တေမီးမွၵ်ႈ 100 ပ၊ႆေသ ၵမ်ႉပႃႈၼမ် တေၵေႃႇတင်ႈႁဵတ်းပဵၼ် ပၢၼ်ႁူဝ်ပိုင်း လႄႈယပၢၼ်ၸဝ်ႈႁေႃၶမ်းတွၼ်ႈၵၢင်ၼၼ်ႉယဝ်ႉ။ ပထမဦးဆုံး ပိရမစ်မှာ ဂျိုဇာပိရမစ် ဖြစ်ပြီး တတိယမြောက် ဘုရင်မင်းဆက် ဂျိုဇာဘုရင်လက်ထက်တွင် တည်ဆောက်ခဲ့သည်။ ဘုရင်၏ ဂူသင်္ချိုင်းအတွက် အင်မ်ဟိုတက်ပ်မှ ပုံစံထုတ် တည်ဆောက်ခဲ့သည်။ အထင်ရှားဆုံးသော အီဂျစ်ပိရမစ်မှာ ဂိုင်ဇာမဟာပိရိမစ်ကြီးဖြစ်ပြီး ထိုပိရမစ်မှာ လူ့သမိုင်းတွင် အကြီးဆုံး တည်ဆောက်ခဲ့သော အဆောက်အဦးအဖြစ် သိရှိကြပြီး ရှေးခေတ် ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး တွင် တစ်ခုတည်း ကျန်ရှိခဲ့သော အဆောက်အဦးလည်း ဖြစ်သည်။

ပေါ်ပေါက်လာပုံ သမိုင်းကြောင်း

[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]
ဆက်ကာရာ(Saqqara)ရှိ ဖာရောင်း(Faraoun) ၏ မတ်စတာဘတ်

အီဂျစ်သမိုင်းကြောင်း၏ အစ ကနဦးကာလတွင် ပြည့်စုံကြွယ်ဝသောသူတို့သည် မတ်စ်တာဘတ်ဟုခေါ်သော ကျောက်ခုံနှင့် သဏ္ဍာန်တူသည့် ဂူသင်္ချိုင်းများဖြင့် သင်္ဂြိုလ်လေ့ ရှိကြသည်။

အီဂျစ်ဆိုင်ရာ ပညာရှင်တို့၏ လေ့လာတွေ့ရှိချက်အရ ပထမဦးဆုံးသမိုင်းဝင် ပိရမစ်ကို တည်ဆောက်ခဲ့သူမှာ ဗိသုကာပညာရှင် အင်မ်ဟိုတက်ပ်(Imhotep) ဖြစ်ပြီး ဖာရိုဘုရင် ဂျိုဇာ(Djozer) ၏ ပိရမစ်အတွက် ဖြစ်သည်။ အင်မ်ဟိုတက်ပ်သည် မတ်စ်တာဘတ် ကျောက်တုံးများကို တစ်ခုပေါ်တစ်ခု ဆင့်၍ အဆောက်အဦး တည်ဆောက်ရန် ပထမဆုံး အကြံရသူ ဖြစ်နိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် လှေကားထစ်များပမာ အဆင့်များ ပါရှိပြီး အထက်သို့ မြင့်တက်လာသည်နှင့် အမျှ အရွယ်အစား သေးငယ်သွားသော အဆောက်အဦး ပုံစံတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအကြံအစည်၏ ရလာဒ်မှာ ဂျိုဇာဘုရင်၏ လှေကားထစ်ပိရမစ် ပင်ဖြစ်သည်။ ထိုပိရမစ်မှာ သေဆုံးသွားသော ဖာရိုဘုရင်၏ ဝိညာဉ် ကောင်းကင်ဘုံသို့ လှမ်းတက်နိုင်ရန် အတွက် ကြီးမားသော လှေကားထစ်များသဖွယ် ပုံစံ ထုတ်ထားခြင်းပင် ဖြစ်သည်။ အင်မ်ဟိုတက်ပ်၏ အောင်မြင်မှုမှာ အရေးပါသော အောင်မြင်မှုတစ်ခု ဖြစ်ပြီး နောက်လာမည့် အီဂျစ်ပြည်သားတို့ အတွက် စံပြတစ်ခု ဖြစ်ခဲ့သည်။

ပိရမစ်များကို အမြောက်အမြား တည်ဆောက်သော ကာလမှာ ဖာရိုဘုရင်တို့၏ သက်ဦးဆံပိုင်စနစ်နှင့် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် ဂိုင်ဇာအနီးတဝိုက်ရှိ အထင်ရှားဆုံးသော ပိရမစ်များကို တည်ဆောက်ခဲ့သော အချိန်လည်း ဖြစ်သည်။ အချိန်ကာလ ကြာမြင့်လာသောအခါ အုပ်ချုပ်မှု အာဏာမှာ ပြန့်ကြဲလျော့ရဲ လာပြီး ထုထည် လွန်စွာကြီးမားသော ပိရမစ်များကို တည်ဆောက်နိုင်ရန် လိုအပ်သည့် အရင်းအမြစ်များကို ထိန်းချုပ်နိုင်သည့် စွမ်းဆောင်နိုင်မှုနှင့် စိတ်အားထက်သန်မှု လျော့နည်းလာသည်။ ထို့ကြောင့် နောက်ပိုင်း တည်ဆောက်သော ပိရမစ်များမှာ ယခင်က တည်ဆောက်ခဲ့သော ပိရမစ်များနှင့် နှိုင်းယှဉ်လျှင် အရွယ်အစား သေးငယ်ခြင်း၊ ကောင်းမွန်စွာ တည်ဆောက်မှုမရှိခြင်းနှင့် အလောသုံးဆယ် တည်ဆောက်ထားခြင်းတို့ကို တွေ့နိုင်သည်။

အီဂျစ်တို့၏ ပိရမစ် တည်ဆောက်သည့် အချိန်ကာလ ကျော်လွန် ကုန်ဆုံးပြီး နှစ်ကာလ အတော်ကြာသောအခါ၌ ယခု ဆူဒန်နိုင်ငံ နေရာတွင် အီဂျစ်မှ နာပါတာ(Napata)ဘုရင်များ၏ လက်ထက်၌ ပိရမစ် တည်ဆောက်မှု ပြန်လည် ထွန်းကားလာခဲ့ပြန်သည်။ နာပါတန်တို့၏ အုပ်ချုပ်မှုမှာ ကာလ တိုတောင်းပြီး ဘီစီ ၆၆၁တွင် ကုန်ဆုံးခဲ့သော်လည်း အီဂျစ်တို့၏ လွှမ်းမိုးမှုမှာ ဖျောက်ဖျက်မရနိုင်သော အတုယူ အားကျစရာတစ်ခု ဖြစ်စေခဲ့သည်။ နှောင်းပိုင်းကာလ ဆူဒန်ရှိ မီရိုးဘုရင်ခေတ် (ခန့်မှန်းခြေအားဖြင့် ဘီစီ ၃၀ဝ မှ အေဒီ ၃၀ဝအတွင်း) တွင် ထိုလွှမ်းမိုးမှု မှတဆင့် ပိရမစ် တည်ဆောက်ခြင်း အကြီးအကျယ် ပြန်လည် ထွန်းကားလာခဲ့သည်။ ထို့ကြောင့် ပင်ကိုယ် ဖြစ်သော်လည်း အီဂျစ်တို့၏ လွှမ်းမိုးမှုကြောင့် ဖြစ်သည့် တော်ဝင် ပိရမစ် ဂူသင်္ချိုင်း ၂၀ဝကျော်ကို မြို့တော်၏ ပတ်ဝန်းကျင် ဒေသ၌ တည်ဆောက်ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။

ပိရမစ် သင်္ကေတနိမိတ်ပုံ

[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

ပိရိမစ်သင်္ကေတ နိမိတ်ပုံမှာ အီဂျစ်တို့ယုံကြည်ထားသော ကမ္ဘာစတင် ဖြစ်ပေါ်ချိန်တွင် ရှိသည့် အစကနဦး မြေကြီး အစုအဝေး၏ ပုံသဏ္ဍာန်ကို ထင်ဟပ် ဖော်ပြထားခြင်းဟု ထင်မြင်ယူဆကြသည်။ ထို့အတူ နေရောင်ခြည် ဖြာထွက်ကျဆင်းလာသော ပုံသဏ္ဍာန်ကို ထင်ဟပ် ဖော်ပြထားခြင်း ဟုလည်း ထင်မြင် ယူဆကြသည်။ ပိရမစ် အများစုမှာ အဝေးမှ ကြည့်လျှင် ပြောင်လက် တောက်ပသော သဏ္ဌာန်ရှိစေရန်အတွက် မျက်နှာစာကို ပြောင်လက်နေအောင် တိုက်ခ္ဈတ်ထားပြီး အလွန်အမင်း အလင်းပြန်လေ့ရှိသော လိပ်သည်းကျောက်များဖြင့် တည်ဆောက်ထားလေ့ ရှိသည်။ ပိရမစ်များကို မကြာခဏ ဆိုသလိုပင် နေရောင်ခြည် ဖြာထွက်၊ ကျရောက်ပုံပေါ် မူတည်၍ အမည်ပေးလေ့ရှိသည်။ ဥပမာအားဖြင့် ဒါရှာရှိ ဘင့်န်ပိရမစ်၏ တရားဝင်အမည်မှာ တောင်ဘက်ရှိတောက်ပသော ပိရမစ်ဖြစ်ပြီး မူရင်းအမည် Senwosret at el-Lahun မှာ Senwosret သည် တောက်ပနေသည်ဟု အဓိပ္ပာယ်ရသည်။

ယေဘုယျအားဖြင့် ပိရမစ်များကို မြှုပ်နှံရာ အဆောက်အဦးများအဖြစ် အားလုံးက လက်ခံကြသော်လည်း ပိရမစ်တို့ ပေါ်ပေါက်လာပုံနှင့် ပတ်သက်သည့် ဘာသာရေး ယုံကြည်မှုနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိကြသည်။ တစ်ခုသော သီအိုရီမှာ ပိရမစ်တို့ကို ပြန်လည်၊ ရှင်သန်မွေးဖွားရာ ယန္တရား (Resurrection Machine) တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်း ဟူ၍ ဖြစ်သည်။ အခြေခံအားဖြင့် ဖာရိုးမင်းများသည် သေလွန်ပြီးနောက် တစ်ဖန်ပြန်လည်ရှင်သန်လာခြင်းမျိုးကို ယုံကြည်လိုလားသည်ဖြစ်၍ မိမိတို့ကွယ်လွန်လျှင် ကျန်ရစ်သောရုပ်အလောင်းကို ကိုယ်တွင်းအင်္ဂါများထုတ်၍ ခန္ဓာကိုယ်အား ဆေးစိမ်ကျပ်စည်းခြင်းအားဖြင့် မပုပ်မသိုးဘဲ နောင်တစ်ချိန်တွင် ပြန်လည်ရှင်သန်မည်ဟူသော ယုံကြည်မှုမျိုးဖြင့် ပိရမစ်များကို တည်ဆောက်ကြခြင်းဖြစ်သည်။

အီဂျစ်တို့၏ ယုံကြည်မှုမှာ ညဘက် ကောင်းကင်ပြင်ရှိ ကြယ်တာရာတို့ ထွက်ပေါ်ရာ မှောင်မိုက်သော ဒေသမှ ကောင်းကင်ဘုံသို့ သွားရာ လမ်းကြောင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ အဓိကမြှုပ်နှံရာ ဂူအတွင်းမှ တစ်ခုသော ကျဉ်းမြောင်းသော လမ်းကြောင်းသည် ပိရိမစ်ကြီး တစ်ခုလုံးကို ဖြတ်၍ ကောင်းကင်ယံရှိ ထိုနေရာသို့ ညွှန်ပြ၊ တည်ဆောက်ထားသည်ကို တွေ့နိုင်သည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ပိရမစ်သည် သေဆုံးသွားသော ဖာရိုဘုရင်၏ ဝိညာဉ်ကို ကောင်းကင်ဘုံရှိ နတ်ဘုရားများ၏ နေအိမ်သို့ ထူးခြား၊ ဆန်းကြယ်သော နည်းအားဖြင့် လွှတ်တင်ရန် ပုံစံထုတ်၊ တည်ဆောက်ထားသည်ဟု ယူဆနိုင်သည်။

အီဂျစ်ရှိ ပိရမစ်များ အားလုံးသည် နိုင်းမြစ်၏ အနောက်ဖက် ကမ်းပါးတွင် တည်ဆောက်ထားကြသည်။ ထိုနေရာမှာ အီဂျစ်ဒဏ္ဍာရီရှိ နေဝင်ရာ ဒေသ ဖြစ်ပြီး သေဆုံးရာကမ္ဘာနှင့် ဆက်စပ် ယူဆကြသည်။

ပိရမစ်များ၏ အရေအတွက်နှင့် တည်နေရာ

[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

ယနေ့ခေတ် အီဂျစ်ရှိ ပိရမစ်များမှာ ၈၁ခု နှင့် ၁၁၂ ခုကြား ရှိမည်ဟု အများစုက ရေးသား၊ မှတ်တမ်းတင်ကြပြီး အများစုက ကြီးမားသောကိန်းဂဏန်းကို ပို၍ လက်ခံကြသည်။ ပိရမစ်အများစု ကို ကိုင်ရိုမြို့အနီးရှိ ဂီဇဲ(Gizeh)အရပ်တွင် တွေ့ရပြီး ထိုဒေသမှာ ဒုတိယပြည်ထောင်စုခေတ်၏ မြို့တော်ဟောင်း မင်းဖစ်(Memphis) တည်ရှိခဲ့သည့် နေရာပင် ဖြစ်သည်။ ဂီဇဲဒေသ၏ အမြင့်ဆုံး ပိရမစ်အပေါ်မှ တောင်ဖက်တစ်လွှားတွင် အလျားမိုင်းခြောက်ဆယ်ကျော်ခန့် ရှိသော ပိရမစ်အုတ်ဂူတန်းကြီးကို တွေ့ရပေမည်။