မိူင်းႁူမ်ႈတုမ် ဢမႄႇရိၵ

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး
En to my.png

This article contains text which need to be translated into the Shan language. You can help us Translate it.

United States (orthographic projection).svg
YosemitePark2 amk.jpg
Bierstadt Lake, Rocky Mountain National Park, USA.jpg
ChryslerBuildingMidtownManhattanNewYorkCity.jpg
Animated-Flag-USA.gif

မိူင်းႁူမ်ႈတုမ် ဢမႄႇရိၵ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

မိူင်းႁူမ်ႈတုမ် ဢမႄႇရိၵ (ၵၢၼ်ႇ) ၼႆႉ တေမီးဝႆႉၸိုဝ်ႈပွတ်းဢၼ်ၵမ်ႉၼမ်ႁွင်ႉဝႆႉၼၼ်ႉတေပဵၼ် United States, the U.S., the U.S.A., the States, the America ။ ၸွမ်းၼင်ႇလွင်ႈၶွတ်ႇၽွတ်ႈမိူင်းဝႆႉသမ်ႉ တေပဵၼ် မိူင်းၽႄရႄတီႇမူဝ်ႇၶရတ်တိတ်ႉသေ တေမီးပႃး ၸိုၼ်ႈမိူင်း 50 ၸိုၼ်ႈလႄႈ မီးၼႃႇလိၼ်ဢူပ်ႉပိူင်ႇၼိုင်ႈဢၼ်။ အမေရိကန်ပြည်‌ထောင်‌စု ကို ပုံမှန်အားဖြင့် United States, the U.S., the U.S.A., the States, the America စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၅၀ ခုနှင့် အုပ်ချုပ်ရေးနယ်မြေတစ်ခု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိက အလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွင် တဆက်တည်းဖြစ်နေသော ပြည်နယ် ၄၈ခုနှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် ဝါရှင်တန်ဒီစီ တို့သည် ပစိဖိတ် နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် မြောက်ဖက်တွင် ကနေဒါနိုင်ငံနှင့် တောင်ဖက်တွင် မက္ကဆီကိုနိုင်ငံတို့ဖြင့် ဝိုင်းရံ၍ တည်ရှိသည်။ အလက်စကာ ပြည်နယ်သည် တိုက်ကြီး၏ အနောက်မြောက်ဖက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဖက်တွင် ကနေဒါနှင့် အနောက်ဖက် ဘဲရင်းရေလက်ကြား (Bering Strait)ကို ဖြတ်၍ ရုရှားနိုင်ငံတို့ ရှိကြသည်။ ဟာဝိုင်အီ ပြည်နယ်သည် ပစိဖိတ်သမုဒ္ဒရာအလယ်တွင် ရှိသော ကျွန်းစုဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယန် နှင့် ပစိဖိတ်ဒေသအနှံ့အပြားတို့တွင် နယ်မြေများနှင့် ကျွန်းများကိုလည်း ပိုင်ဆိုင်သည်။

အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၃.၇၉ သန်း (စတုရန်း ကီလိုမီတာ ၉.၈၃ သန်း) နှင့် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာပေါ်တွင် စုစုပေါင်း အကျယ်အဝန်းအားဖြင့် စတုတ္တမြောက် အကြီးဆုံးနှင့် ကုန်းမြေအကျယ်အဝန်းနှင့် လူဦးရေအားဖြင့် တတိယမြောက် အကြီးမား အများပြားဆုံး ဖြစ်သည်။ နိုင်ငံအများအပြားမှ လူအများအပြား ရွှေ့ပြောင်းနေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် လူမျိုးစု အများဆုံး ရောထွေးနေထိုင်ပြီး ယဉ်ကျေးမှုအမျိုးအစား အစုံလင်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အမေရိကန် ဒေါ်လာ ၁၄.၃ ထရီလီယံ မျှရှိသည်။ (nominal GDP အားဖြင့် တကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး တကမ္ဘာလုံး ဝယ်ယူသည့်တန်ဖိုး၏ ၂၁ ရာခိုင်နှုန်းဖြစ်သည်။)