ၶီႇလူဝ်ႇၵရမ်ႇ
ပွင်ႈၵႂၢမ်းဢၼ်ၼႆႉ လူဝ်ႇ ပိၼ်ႇၽႃႇသႃႇ ၸူး လိၵ်ႈတႆး ဢေႃႈ။ ပွင်ႈၵႂၢမ်းဢၼ်ၼႆႉ လႆႈတႅမ်ႈဝႆႉၼင်ႇ ၽႃႇသႃႇ ဢၼ်ဢမ်ႇၸႂ်ႈ ၽႃႇသႃႇတႆး။ သင်ဝႃႈ ယိူင်းဢၢၼ်းၸူးတွၼ်ႈတႃႇ ၽူႈလူလိၵ်ႈ တႃႇ တူင်ႇဝူင်း ၽႃႇသႃႇၵႂၢမ်းၼၼ်ႉၼႆႉ၊ လီၵႂႃႇ ၶဝ်ႈႁူမ်ႈၸူးတီႈ ၽႃႇသႃႇၵႂၢမ်း ဝီႇၶီႇၽီးတီးယႃးၼၼ်ႉ။။ တူၺ်းတီႈသဵၼ်ႈမၢႆ ဝီႇၶီႇၽီးတီးယႃး လႄႈ။ |
ကီလိုဂရမ် ဆိုသည်မှာ ဒြပ်ထု ၏ မက်ထရစ် ယူနစ် ဖြစ်သည်။
၁ ကီလိုဂရမ် သည် ၂.၂ ပေါင် ထက် အနည်းငယ်မျှသာ ပိုသည်။ ၁၀၀၀ ကီလိုဂရမ် သည် ၁ တန် နှင့် ညီမျှသည်။ ရေ ၁ လီတာ သည် အမြင့် သုံည ( ပင်လယ်ရေမျက်နှာပြင်) နှင့် အပူချိန် ၃.၉၈° စင်တီဂရိတ် ရှိသော ပတ်ဝန်းကျင် အခြေအနေတွင် ၁ ကီလိုဂရမ် အတိအကျ နီးပါး ရှိသည်။ သို့သော် ဤ အဓိပ္ပာယ် မှာ ၁၇၉၅ တွင် ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။
ဆိုခဲ့သည့် အတိုင်း ကီလိုဂရမ် သည် ဒြပ်ထု ၏ ယူနစ်ဖြစ်သည်။ အရပ်စကား ဖြင့် မည်မျှလေးသနည်း ကို တိုင်းတာခြင်း ဖြစ်သည်။ သို့သော် ဤနားလည်မူသည် သိပ္ပံနည်းကျ အားဖြင့် မမှန်ပေ။ အလေးချိန်သည် ကြီးမားသော အရာဝတ္ထု တစ်ခုခု ၏ ဆွဲငင်အားပေါ်မူတည် ပြီး ဒြပ်ထု သည် မည်သည့်နေရာမဆို မူလ အတိုင်းဖြစ်သည်။ ဆွဲငင်အား မရှိသလောက် နေရာတွင် ဒြပ်ထုများသည် အလေးချိန်မဲ့နီးပါး ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
နူန်းစံမီ ကီလိုဂရမ် ကို ပလက်တီနမ် − အီရစ်ဒီယမ် ဒြပ်ရော ဖြင့်ပြုလုပ်ထားပြီး ပါရီ တွင်သိမ်းဆည်းထားသည်။