ၸဝ်ႈၼေႃႇၶမ်း

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး

တောင်ပိုင်းရှမ်းပြည် လွယ်ငင်း၊ ငွေမြို့တော်(ခေါ်) မိုင်းကိုင်မြို့ဇာတိ(မိဘအမည် မသိရ)မြန်မာ သက္ကရာဇ် ၁၁၉၈-ခု ၊ နယုန်လတွင် မွေးဖွားသည်။ ရှမ်း-ကဗျာလင်္ကာနှင့် သိုက်သမိုင်းများကို ကောင်းစွာနိုင်နင်းသည်။ စောနော်ခမ်း ပြသမျှ စာပေကျမ်းဂန်များတွင် ကဗျာ့ခဲရာခဲဆစ်များ ပြည့်နှက်ပြီး စာကိုယ်မှာ နုပြောင် ယဉ်ကျေးလှသောကြောင့် ၎င်းကို ရှမ်းပြည် ဦးပုညဟု ခေါ်ကြသည်။


ရာသီဘွဲ့၊ ပန်းဘွဲ့၊ တောတောင်၊ မိုးတိမ်၊ အချောအလှဘွဲ့အမျိုးမျိုး၊ ရာဇဝင်-သိုက်သမိုင်းများစွာတို့ကို ကဗျာလင်္ကာ တန်ဆာဆင်၍ ရေးသားထားသည့် အနက် အထူး ထင်ရှားသော စာပေများမှာ...

  1. နယ်နှင်ဒဏ်ခံရစဉ်အခါက သူတည်း တစ်ယောက် ၊ ကောင်းဘို့ရောက်မူ ၊ သူ တစ်ယောက်မှာ ပျက်လင့်ကသာ ဓမ္မတာတည်း...အစရှိသော မျက်ဖြေလင်္ကာ-ကဗျာမျိုးကဲ့သို့ စာပိုဒ်တပိုဒ်တွင်(၉)လုံးစီရှိသော "ကောဝ်မတ်"ခေါ်(၉)လုံးစပ် မျက်ဖြေလင်္ကာနှင့်-
  2. ကျီးသဲလေးထပ် ဆရာတော်ဘုရား ရေးသားတော်မူသော "ဇိ နတ္ထပကာသနီ"ကျမ်းကို ပုဒ်ပါဌ် အနေအထား မချွတ်ယွင်းရအောင် နိဒါန်းမှနိဂုံးအထိ ကဗျာလင်္ကာ တန်ဆာဆင်ဖွဲ့နွဲ့ခြယ်မှုန်းထားသော ရှမ်းဘာသာ "ရွှေပြည်ဝမ်" ခေါ်ကျမ်းများ ဖြစ်ပေသည်။

ပညာကျော် ရှမ်းစာဆိုတော်ကြီး စောနော်ခမ်းသည် မြန်မာသက္ကရာဇ် ၁၂၈၁-ခုနှစ် အသက်(၈၃)နှစ်တွင် မိုင်းကိုင်မြို့၌ အနိစ္စရောက်သည်။

[1]

ကိုးကား[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

  1. ဒါရိုက်တာ ဆရာမြင့်၏ ရှမ်းစာဆိုတော်များ