ၸၢႆးၸၢႆးၶမ်းလႅင်

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး

ထႅမ်းပလဵတ်ႉ:Infobox အတ္ထုပ္ပတ္တိ စိုင်းစိုင်းခမ်းလှိုင် (Sai Sai Kham Leng) ကို တောင်ကြီးမြို့တွင် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ၏အဖိုးသည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဖြစ်သည်။ သူ၏ အမေသည် ၂၀၀၆-ခုနှစ်၌ ဩစတေးလျတွင် နေထိုင်သည်။ ညီမနှစ်ယောက်နှင့် ညီတစ်ယောက်ရှိသည်။ တောင်ကြီး အ.ထ.က (၁)၊ ဒဂုံတက္ကသိုလ်ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်)‎များတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

သူ၏ အနုပညာခရီးလမ်းကို ၁၉၉၆-ခုနှစ်တွင် မော်ဒယ်ဘွိုင်း တစ်ယောက်အနေဖြင့် စတင်ဝင်ရောက်ခဲ့သည်။ စိုင်းစိုင်းသည် ဇွန်လွင် မော်ဒယ်အေဂျင်စီတွင် မော်ဒယ်တစ်ယောက်အဖြစ် ပါဝင်လှုပ်ရှားရင်း သက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူ၏ ဂီတလှုပ်ရှားမှုများကိုလည်း စတင်ခဲ့သည်။ ၂၀၀ဝ ပြည့်နှစ်၊ မတ်လတွင် သူ၏ ပထမဦးဆုံး တေးစီးရီး ချောကလက်ရောင် ရေခဲအိပ်မက် ထွက်ရှိခဲ့သည်။ ထိုစီးရီးသည် ပရိသတ်များအကြား သိပ်ပြီး ပျံ့နှံ့ခြင်း မရှိခဲ့ပေ။ နောက် ၅-လအကြာတွင် Hip-Hop အဖွဲ့သစ် ACID သည် ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် အောင်မြင် ခေတ်စားသွားသည်။ ACID ၏ သီချင်းခွေထဲတွင် စိုင်းစိုင်းက “ဘဝ ဘဝ” သီချင်း တွဲဖက်သီဆိုပါဝင်ခဲ့သဖြင့် Rap ဆိုသူတစ်ယောက်အဖြစ် အောင်မြင်မှုကို အစပျိုးနိုင်ခဲ့လေသည်။ ထို့နောက် ကောင်းမြတ်လေး (Lil' Kaung Myat) နှင့် တွေ့ဆုံမိသည်။ သူတို့ ပထမဦးဆုံး တွေ့ဆုံဆွေးနွေးကြပြီးနောက်မှာ စိုင်းစိုင်း။ ကောင်းမြတ်၊ ငယ်ငယ် သုံးယောက်တွဲပြီး သီချင်းတွေဆိုဖို့ ဆုံးဖြတ်ခဲ့ကြသည်။

၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဘလေဇွန်ကုန်တိုက် (Blazon Shopping Centre) မှာ ပြုလုပ်တဲ့ သူ့ရဲ့ စီးရီးသစ် “သူငယ်ချင်းများစွာ” စတင်ရောင်းချခြင်းနှင့် ဖျော်ဖြေပွဲသို့ ပရိသတ်(၃၅၀)ခန့် လာရောက်အားပေးခဲ့ကြသည်။ သူငယ်ချင်းများစွာ VCD ကို ၂၀၀၂ နိုဝင်ဘာလတွင် ထုတ်ဝေနိုင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် တက္ကသိုလ်ရိပ်သာလမ်းသစ် နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူ၏ နာမည်အကျော်ဆုံး သီချင်းဖြစ်လာမည့် “ဝမ်းနည်းမှတ်တမ်း” ကိုလည်း ထိုနှစ်တွင်ပင်ရေးသည်။ ရန်ကုန်မှာ ဘောလုံးကန်ဖို့ ရောက်လာသည့် တောင်ကြီးမြို့မှ သူငယ်ချင်း နန္ဒစိုင်းနှင့် ချိတ်ဆက်မိသည်။ နန္ဒစိုင်းကို တောင်ကြီးမပြန်စေတော့ဘဲ ရန်ကုန်တွင် အနုပညာလုပ်ငန်းများ အတူလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

စိုင်းစိုင်းသည် အသည်းကွဲသီချင်းများစွာ ရေးသားဖွဲ့ဆိုခဲ့သည်။ မို့မို့ နှင့် တွဲဖက်သီဆိုသည့် သီချင်း ပေါက်ခဲ့သည်။ တတိယအခွေ “ဖေဖော်ဝါရီမှတ်တမ်း” ကို ၂၀၀၃ မတ်လတွင် ဖြန့်ချိနိုင်ခဲ့သည်။

စိုင်းစိုင်းဘတ်ဒေး အခွေတွင်လည်း ချစ်ကောင်းနှင့် တွဲဖက်သီဆိုခဲ့သည်မှာ အောင်မြင်မှုရရှိခဲ့သည်။

ဆက်လက်၍ အမြဲတမ်းဂေါ်လီ(အဲဗားဂေါ်လီ) အခွေထွက်သည်။ လက်ရှိနောက်ဆုံးထွက်ရှိခဲ့သောခွေမှာ ဒိတ်ဒိတ်ကြဲဖြစ်သည်။ ၂၉.၁၂.၂၀၁၄ နေ့တွင် ဒိတ်ဒိတ်ကြဲခွေ ဒီဗီဒီ ဖြန့်ချီသည့် အမှတ်တရပွဲကို ရန်ကုန်မြို့ Junction Square ၌ ကျင်းပခဲ့ရာ အောင်မြင်မှုရခဲ့သည်။

ပြင်ပဘဝ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

စိုင်းစိုင်း လူပျို ဖြစ်သည်။ ရန်ကုန်မြို့ တွင်နေထိုင်သည်။ ၂၀၀၉ ခုနှစ် မေလတွင် People Magazine နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူသည် ပြိုကွဲနေသာ မိသားစုမှ လာသည်ဖြစ်၍ မင်္ဂလာဆောင်နှင့် ပတ်သက်၍ မသေချာသေးကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ [1]

မင်းသမီး ဝတ်မှုန်ရွှေရည် နှင့် ရည်းစားဖြစ်ခဲ့သည့် အကြောင်းမှာ အများအသိဖြစ်ခဲ့သည်။ [2] သူသည် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။

ထွက်ရှိထားသော သီချင်းခွေများ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

တစ်ကိုယ်တော် ခွေများ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

၂၀၀၀ ခုနှစ် - "ချောကလက်ရောင် ရေခဲအိပ်မက်"
၂၀၀၁ ခုနှစ် - "သူငယ်ချင်း များစွာ"
၂၀၀၃ ခုနှစ် - "ဖေဖော်ဝါရီ မှတ်တမ်း"
၂၀၀၄ ခုနှစ် - Sai Sai Live Show (2004)
၂၀၀၅ ခုနှစ် - "စိုင်းစိုင်း ဟု ခေါ်သည်"
၂၀၀၇ ခုနှစ် - Happy Sai Sai Birthday
၂၀၀၉ ခုနှစ် - "အမြဲတမ်း ဂေါ်လီ" Ever Golli
၂၀၁၂ ခုနှစ် - "ဒိတ်ဒိတ်ကြဲ"

အတွဲခွေများ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

၂၀၀၀ ခုနှစ် - "စတင်ခြင်း"
၂၀၀၂ ခုနှစ် - "ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်"
၂၀၀၂ ခုနှစ် - "မိန်းမ"
၂၀၀၂ ခုနှစ် - "အချစ်များစွာအတွက်"
၂၀၀၃ ခုနှစ် - "ဘဝ ဘဝ"
၂၀၀၄ ခုနှစ် - "နတ်သမီးပုံပြင်"
၂၀၀၆ ခုနှစ် - Rock & Rap Live Show
၂၀၀၆ ခုနှစ် - "အလွမ်းရဲ့ ည"
၂၀၀၆ ခုနှစ် - "အရင်လို စိတ်မချလို့ပါ ရှင်ရယ်"
၂၀၀၆ ခုနှစ် - "အိမ်ဂျယ်"
၂၀၀၇ ခုနှစ် - "၁၀ စက္ကန့်"
၂၀၀၉ ခုနှစ် - "City FM 6th Anniversary"
၂၀၁၀ ခုနှစ် - "ပျော်စရာကြီး"
၂၀၁၁ ခုနှစ် - "City FM 9th Anniversary"
၂၀၁၃ ခုနှစ် - "City FM 11th Anniversary"

စာရေးဆရာ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

စိုင်းစိုင်းခမ်းလှိုင်သည် စာလည်းရေးသည်။ ပထမဆုံးစာအုပ်မှာ စက္ကူငှက် ဖြစ်ပြီး ကြောင်နှစ်ကောင်စာပေမှ ထုတ်ဝေသည်။ ဒုတိယစာအုပ်မှာ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ ဖြစ်သည်။ စက္ကူငှက် ဝတ္ထုကို ဒါရိုက်တာ မီးပွားမှ ဗီဒီယိုရိုက်ကူးခဲ့သည်။

ကိုးကား[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]

  1. Hnin Ei Ei Aung (May 2009). "25 Random Facts about Sai Sai" (in Burmese).  Archived 2009-06-08 at the Wayback Machine. Archive copy. Archived from the original on 2009-06-08။ Retrieved on 2015-04-06
  2. Wutt Hmone and Pyae Phyo Tayza's Couple Photos Leak Out - Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment. Myanmar Celebrity (2011-06-05). Retrieved on 2014-07-19

ဝက်ဘ်ဆိုက်လင့်များ[မႄးထတ်း | မႄးထတ်းငဝ်ႈငႃႇ]